World Environment Day အထိမ်းအမှတ်နေ့တွင် Toyo နှင့် Lion Battery များထုတ်လုပ်ဖြန့်ချိလျှက်ရှိသည့် Proven Group of Companies မှ သဘာ၀ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး သစ်ပင်စိုက်ပွဲအခမ်းအနားကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ အမက ၂၄ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မိမိတို့အနေဖြင့် ယခုကဲ့သို သဘာ၀ပတ်၀န်းကျင် ဆိုင်ရာစီမံခန့်ခွဲမှုစနစ် (EMS) နှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်းကို တင်ပြရင်း ယနေ့ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် “ ကမ္ဘာ့သဘာ၀ပတ်၀န်းကျင်နေ့ “ ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။





