ဘက်ထရီတစ်လုံးက စွမ်းအားမပေးနိုင်တော့လျှင် အောက်ဖော်ပြပါ လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ကြရပါမည်။

– ဘက်ထရီပျက်သွားခြင်းလား၊ အားကုန်သွားခြင်းမျှသာလား၊ ဆိုသည်ကိုစစ်ဆေးခွဲခြားပါ။
– ဘက်ထရီ ပျက်သွားသည်ဟု ယူဆလျှင် ပျက်ရခြင်း အကြောင်းအရင်း ကိုကြိုးစားရှာကြည့်ပါ။ ဤကိစ္စမျိုးအတွက် အောက်ဖော်ပြပါ ဖြစ်နိုင်စရာ အကြောင်းအရင်းများကို စဉ်းစားပါ။
က။ ဘက်ထရီကိုယ်နှိုက်ကြောင့်
ခ။ တခြားဆက်စပ်ကိရိယာကြောင့်
ဂ။ မမှန်ကန်သောထိန်းသိမ်းမှုကြောင့်
– အမှားအယွင်းကို တွေ့ပြီဆိုလျှင် သင့်တင့်လျောက်ပတ်သော ဆောင်ရွက်မှုများကိုလုပ်ပါ။
– ဘက်ထရီက အားကုန်သွားရုံမျှသာဆိုလျှင် အားပြန်သွင်းပါ။

က။ ဘက်ထရီပျက်သွားခြင်း (သို့မဟုတ်) အားကုန်မှုမျှသာဖြစ်ခြင်း ကိုခွဲခြား ရှာဖွေဖော်ထုတ်နည်း။

“ဘက်ထရီ ကောင်းကောင်း အလုပ်မလုပ်တော့ပါ“ ဟူသော အကြောင်းပြချက်ဖြင့် ပြန်ပို့လာသော ဘက်ထရီ အများစုမှာ အားကုန်သွားခြင်း မျှသာဖြစ်ကြောင်း တွေ့ရပါသည်။ ဤအခြေအနေနှစ်ရပ်ကို ခွဲခြား နိုင်ရန်အတွက် (အလွယ်တကူ မြင်တွေ့နိုင်သော အိုး၊ အဖုံးအပေါက်ပိတ်များမှလွဲ၍) အောက်တွင် ဖော်ပြထားသော အဆင့်၃ဆင့် စစ်ဆေးနည်းက အဆင်ပြေပါသည်။

က။ ဘက်ထရီ၏အပြင်ပိုင်း၊ဗို့အား၊လျှပ်လိုက်ရည်အနည်းအများနှင့်သိပ်သည်းဆ
ခ။ အားသွင်းစမ်းသပ်ကြည့်ပါ။
ဂ။ ကားစက်နှိုးကြည့်ပါ။
ပထမအဆင့် စစ်ဆေးစမ်းသပ်မှု သည် အခြေခံအကျဆုံးဖြင့်သဖြင့် ဘက်ထရီ ပျက်စီးသွားပြီလား၊ အားကုန်ရုံမျှသာ ဖြစ်သလားဆိုသည်ကို ခွဲခြားပေးနိုင်ပါမည်။ ဒုတိယအဆင့် တွင် ဘက်ထရီကို အားအပြည့်ဝင်အောင် သွင်းနိုင်ပြီဆိုပါက များသောအားဖြင့် ဘက်ထရီတွင် အပျက်မရှိဟု ဆုံးဖြတ်နိုင်ပါပြီ။ တတိယအဆင့်ကို အောင်မြင်စွာ ကျော်လွန်နိုင်ပြီဆိုလျှင် ဘက်ထရီသည် ပုံမှန်ဖြစ်သွားပြီဟု ဆိုနိုင်ပါပြီ။
ခ။ဘက်ထရီအိုးအပြင်ပိုင်း၊ ဗို့အား၊ လျှပ်လိုက်ရည် မျက်နှာပြင် နိမ့်/မြင့် နှင့် သိပ်သည်းဆ။

ဘက်ထရီကိုအားဖြည့်ခြင်း စမ်းသပ်စစ်ဆေးမှု မပြုလုပ်မီ အောက်ဖော်ပြပါအချက်(၄)ချက်နှင့်ပတ်သတ်၍ စစ်ဆေးမှုပြုလုပ်ပါ။
(၁)။ ဘက်ထရီ၏အပြင်ပိုင်း

(က) အိုး၏ ကိုယ်ထည်၊ အဖုံး၊ ငုတ်များနှင့်အခန်းလိုက်တွင်ရှိသော အဖုံးငယ်များရှိ အငွေ့ထွက်ပေါက်များ ကောင်း/ မကောင်း
(ခ) အဖိုပြားနှင့်အမပြားများ ဖြူနေ/မနေ
(ဂ) အဖိုဇကာများပဲ့နေခြင်း၊ စားနေခြင်း၊ ကြွေနေခြင်းရှိ/မရှိ
(ဃ) အိုးအောက်ဖက်တွင်ကြွေကျနေသောအနယ်အနှစ်များက ဖို/မ အပြားများကို ထိနေခြင်းရှိ/မရှိ၊ ထိနေက Short ဖြစ်၍ အားမနေပါ။
(၂)။ ဗို့အား

တစ်ခန်းခြင်းဓာတ်အိုးဗို့အားနှင့် စုစုပေါင်းဗို့အားတို့ကို စစ်ဆေးပါ။
(၃) လျှပ်လိုက်ရည်မျက်နှာပြင်

ပုံမှန်ရှိရမည်။ နိမ့်လည်းသိပ်မနိမ့်စေရ၊ မြင့်လည်းသိပ်မမြင့်စေရ။
(၄) လျှပ်လိုက်ရည်၏ သိပ်သည်းဆ

1.200 ထက်ပိုရမည်။ အိုးအားသွင်းစဉ် အရည်ဆူ၍ Gas မထွက်လျှင် ၎င်းအိုးသည်အလုပ်မလုပ်တော့ပါ။
(၅) အက်ဆစ်ရည်၏ သိပ်သည်းဆ 1.28 ရောက်ပါက 1.25 သို့ရောက်အောင်ရေနှင့်စပ်ပေးပါ။
(၆) အိုးတစ်အိုးအားသွင်းစဉ် အိုးကောင်းပါက အက်ဆစ်၏ သိပ်သည်းဆတက်သလို ဗို့လဲတက်ပါလျှင် အိုးကောင်းသည်ဟု ပြောနိုင်ပါသည်။

ဘက်ထရီ ပျက်/မပျက် ကို ဓာတ်အိုးခန်းများကို စစ်ဆေးရာတွင် စစ်ဆေးတွေ့ရှိချက်များကို အောက်ပါဇယားနှင့် တိုက်ကြည့်ပါ။

စစ်ဆေးရမည့် ကိစ္စ / ပစ္စည်း ပုံမှန်ဘက်ထရီ ပျက်စီး / ပျက်စီးမည် ထင်ရသော ဘက်ထရီ တန်ပြန်ဆောင်ရွက်မှု
အပြင်ပိုင်း ၊ အိုး ၊ အဖုံးနှင့် အပိတ်များ အက်ခြင်း ၊ ကွဲခြင်း မရှိ အက်ခြင်း ၊ ကွဲခြင်း အိုးနှင့်အဖုံး ဖြစ်လျှင်ဘက်ထရီလဲရမည်။ အပိတ်များဆိုပါက အသစ်လဲပါ။
အိုး ၊ အိုးနှင့်အဖုံးကြား၌ ရှိသောအဆက် လျှပ်လိုက်ရည်စိမ့်ထွက်ခြင်းမရှိ လျှပ်လိုက်ရည်စိမ့်ထွက် ဘက်ထရီကိုသာ အသစ်လဲလိုက်ပါ
အဖို ၊ အမ ငုတ်များ အက်ဆစ်စားခြင်း ၊ကျိုးခြင်းမရှိ အက်ဆစ်စားခြင်း ၊ကျိုးပဲ့ခြင်း ငုတ်များစားခံရလျှင် သန့်ရှင်းရေးလုပ်၊ အမဲဆီသုတ် ၊ ကျိုးလျင်မူ ဘက်ထရီကိုလဲရမည်
အဖို ၊ အမ ပြားများ အဖိုပြားများက ချောကလက်အရောင်ရှိ

အပြားများ အဖြူရောင်သမ်းခြင်း(ဆာလဖိတ်တက်ခြင်း)၊

 

အဖိုဇကာပြားများကျိူးပဲခြင်း၊ စားသွားခြင်း

ဘက်ထရီကိုသာ အသစ်လဲလိုက်ပါ
အနည်ကျခြင်း အနည်းငယ် ပလိတ်ပြားများ အောက်ပိုင်းထိ မြုပ်အောင် ပုံတတ်လာပြီ ဘက်ထရီကိုသာအသစ်လဲလိုက်ပါ
ဗို့အား

စုစုပေါင်းဗို့အား 12 V ထက်ပို၊

 

တစ်ခန်းခြင်းဗို့အား 1.95 V ထက်ပို

စုစုပေါင်းဗို့အား 12 V အောက်၊

 

တစ်ခန်းခြင်းဗို့အား 1.95 V အောက်

အားသွင်းစစ်ဆေးမှု စမ်းသပ်ခြင်းပြုလုပ်ပါ။
လျှပ်လိုက်ရည် မျက်နှာပြင်အမြင့် အထက်အမှတ်နှင့် အောက်အမှတ်ကြား အောက်အမှတ်၏ အောက်ဖက် လျှပ်လိုက်ဖြည့်ပြီး အားသွင်းစမ်းကြည့်
လျှပ်လိုက်ရည်၏ သိပ်သည်းဆ ဓာတ်အိုအခန်းတိုင်း 1.260 အထက် ဓာတ်အိုးတစ်ခန်း(သို့မဟုတ်)တစ်ခန်းအထက် 1.100 အောက် အားသွင်းစစ်ဆေးစမ်းသပ်မှုလုပ်ပါ။

ဂ။ အားသွင်းစစ်ဆေးစမ်းသပ်ခြင်း

ဗို့အား၊ လျှပ်လိုက်ရည်အနိမ့်အမြင့်၊ သိပ်သည်းဆတို့ကို စစ်ဆေးရာမှ ဘက်ထရီတွင် ပျက်စီးယိုယွင်းမှုရှိနေသည်ဟု သံသယရှိ လာလျှင် အားသွင်း စမ်းသပ်စစ်ဆေးမှု ပြုသင့်ပါပြီ။ အားသွင်းစီးကြောင်းသည် အနှေးအားသွင်းနှုန်းသော်လည်းကောင်း၊ ဘက်ထရီ ၏ပုံမှန်စွမ်းရည်ကို ၁ဝဖြင့်စား၍ ရထားသော တန်ဖိုးသော်၎င်း ဖြစ်ရပါမည်။ အားသွင်းချိန်ကိုမူ အားကုန်မှု အနေအထားကိုကြည့်၍ ဆုံးဖြတ်ရပါမည်။
လျှပ်လိုက်ရည် မျက်နှာပြင်နိမ့်ကျနေသော အခန်းများတွင် သတ်မှတ်ထားသော အထက်အဆင့်၏ အောက်နားအထိ ရောက်အောင် သန့်စင် ထားသောရေဖြင့် ဖြည့်ပေးပါ။ ဘက်ထရီ၏ ဗို့အားနှင့် လျှပ်လိုက်ရည်၏ သိပ်သည်းဆတို့ကို အားသွင်းမှုစတင်ပြီးလျှင် ပြီးခြင်း တိုင်းတာ မှတ်သားထားပါ။ ယင်းနောက်ပိုင်းတွင် တစ်နာရီခြားတစ်ခါ အကြိမ် အနည်းငယ် ထပ်မံတိုင်းပေးပါ။ အားသွင်းမှု အဆုံးသတ်ခါနီးတွင် နောက်ဆုံးတစ်ကြိမ်တိုင်းပါ။
(၁) အားသွင်းမှုစပြီးခါစတွင် ဗို့အားကို 12 V တွေ့လာရာမှ တဖြည်းဖြည်း တက်လာကာ နာရီဝက်-တစ်နာရီအကြာတွင် 1.26 မှ 1.28 V အတွင်းရောက်လာခဲ့ပါလျင် ဘက်ထရီမပျက်သေးဟုဆိုနိုင်ပါမည်။
(၂) အားသွင်းမှုအဆုံးသတ်ချိန်နီးလာပြီဆိုပါက ဓာတ်အိုးအခန်းအားလုံးတွင် ဓာတ်ငွေ့ပူဖောင်းများပလုံစီတက်လာပြီး နောက် စုစုပေါင်းဗို့အားလည်း 15V ကျော်ကာ လျှပ်လိုက်ရည်သိပ်သည်းဆကလည်း 1.250 မှ 1.260 အတွင်းတက် လာရပါမည်။ သို့ဖြစ်လျှင် ဘက်ထရီပျက်စီးမှု မရှိသေးဟု ဆိုနိုင်ပါမည်။
(၃) ဓါတ်အိုးအခန်းတစ်ခန်းမှ ဓါတ်ငွေ့မထွက်ပါက ယင်းအတွင်းရှိ လျှပ်လိုက်ရည်၏ သိပ်သည်းဆမှာ သတ်မှတ်တန် ဘိုးအောက် နိမ့်နေခြင်းကြောင့်ဖြစ်သည်။ ၎င်းအခန်းမကောင်းနိုင်ပါ။
(၄) လျှပ်လိုက်ရည်၏သိပ်သည်းဆသည် 1.280 ထက်(အားသွင်းပြီးချိန်တွင်) ကျော်လွန်သွားပါလျင် သိပ်သည်းဆကို လိုအပ်သည့် စံချိန်ရောက်အောင်ညှိပေးပါ။ (ဘက်ထရီမိုးရေ) ဤသို့အားသွင်းစစ်ဆေးစမ်းသပ်မှုမှ ဗို့အားတက်ခြင်း၊ လျှပ်လိုက်ရည် သိပ်သည်းဆ တိုးလာခြင်းဟူသော အဖြေကို ရရှိ လာပြီဆိုပါက ဘက်ထရီတွင် အပြစ်မရှိဟု ယေဘုယျအားဖြင့် ဆုံးဖြတ်နိုင်ပါပြီ။
(ဃ) ကားစက်နှိုးနိုင်စွမ်း စမ်းသပ်စစ်ဆေးခြင်း။

ကားနှိုးသည့်အချိန်တွင် ဆွဲသည့်စီးကြောင်းနှင့် တူညီသောနှုန်းဖြင့် ဆွဲထုတ်စမ်းသပ်မှုကို ပြုလုပ်ရပါမည်။ သို့သော် ယေဘူယျအားဖြင့်မူ စွမ်းရည်၏ 20 Ah နှုန်း သို့မဟုတ် 10 Ah နှုန်း၏ သုံးဆခန့်လောက်ဆိုလျှင် လုံလောက် ပါသည်။
စစ်ဆေးစမ်းသပ်မှုအတွက် လမ်းညွှန်

ဘက်ထရီအခြေအနေ အားပြည့်
အားဆွဲထုတ်စီးကြောင်း ပုံမှန်စွမ်းရည်၌ရှိသော စီးကြောင်း၏သုံးဆ (နမူနာ – 50 Ah ဘက်ထရီအတွက် 150Ah ခန့်)
အားဆွဲထုတ်ပြီး နောက်ဆုံးဗို့အား ဓါတ်အိုးတစ်လုံးလျှင် 1V နှုန်း
ဘက်ထရီအပူချိန် သာမန်အပူချိန်

စမ်းသပ်မှုရလဒ်များကိုစစ်ဆေးခြင်း

အောက်တွင် ဖော်ပြထားသော စစ်ဆေးစမ်းသပ်မှုရလဒ်များကို ရရှိခဲ့ပါက ဘက်ထရီ၏ အခြေအနေကောင်း သည်ဟု ယူဆနိုင်ပါသည်။ 12 V ဘက်ထရီတစ်လုံးအတွက် 5 seconds ကြာကြာဆွဲပြီးဗို့အားသည် 9 V ရခဲ့လျင်၊ တစ်ခန်းလျင် 1 V အထိ ကျအောင်ဆွဲရန်အတွက်ဆိုလျင် အချိန်ပိုယူရမည်။
စက်နှိုးနိုင်သည့် အရည်အချင်းသည် ဤငါးစက္ကန့်ဗို့အားအပေါ်များစွာမူတည်ပါသည်။ စက်နှိုးမော်တာလည်နှုန်းသည် ဤဗို့အားအပေါ် မူတည်နေခြင်းကြောင့်ဖြစ်ပါသည်။
ဤလိုအပ်ချက်များကို ဖြည့်ပေးနိုင်စွမ်းမရှိသော ဘက်ထရီကိုပျက်နေပြီ (သို့မဟုတ်) ဆက်လက်အသုံးပြု၍ မရတော့ပြီ ဟုသတ်မှတ်ရပါမည်။
(င) ဘက်ထရီပြဿနာ၏အကြောင်းတရားများ

အာက်ဖော်ပြပါအကြောင်းများကြောင့် ဘက်ထရီတွင်ပြဿနာဖြစ်လေ့ရှိပါသည်။
က။ ပစ်စလက်ခတ်ကိုင်တွယ်ခြင်း၊
ခ။ ဘက်ထရီနှင့် သက်ဆိုင်ရာ ပစ္စည်းကိရိယာများ ဆက်တွဲရာတွင် အပြစ်ရှိခြင်း (လျှပ်ထုတ်စက်၊ ဗို့အားအထိန်းများ၊ စက်နှိုးမော်တာ၊ ခလုတ်… )
ဂ။ စတိုခန်းတွင်ထားသိုမှုလွဲမှားခြင်း၊
ဃ။ ပုံမှန်မဟုတ်သော ကားမောင်းရသည့် အခြေအနေများ
င။ ဘက်ထရီတွင်ပါရှိသည့်ပစ္စည်းများနှင့် တည်ဆောက်ပုံတို့၏အပြစ်အနာအဆာများ
စ။ လျှပ်စစ်ဓာတ်ကို အလွန်အကျွံသုံးသောပစ္စည်းများတပ်ဆင်ထားခြင်း၊

ပစ္စည်း ပြဿနာ အမျိုးအစား ပြဿနာ၏ အကြောင်းရင်း ပြဿနာ၏လက္ခဏာ
အိုးအခွံ လျှပ်လိုက်ရည် ယိုစိမ့်ခြင်း အက်ခြင်း၊ ကွဲခြင်း၊ ကျိုးပဲ့ခြင်း ပစ္စလက်ခတ်ကိုင်တွယ်ခြင်း ဘက်ထရီကိုသာ လဲလိုက်ပါ
ပတ်ဝန်းကျင် အပူချိန်မြင့်မှု၊ လျှပ်စီးကြောင်းများမှုတို့ကြောင့်
အိုးအခွံ ပုံသဏ္ဍန် ပျက်ယွင်းခြင်း
စီးကြောင်းမြင့်ဖြင့် အားသွင်းမှု
အိုးအဖုံး အဖုံးပျက် ကိုင်တွယ်မှု ပစ္စလက်ခတ်နိုင်
အခန်းပိတ်ပျက်
အိုးနှင့်အဖုံး အဆက် လျှပ်လိုက်ရည် ယိုစိမ့်ခြင်း ယိုစိမ့်အခန်းအက်ဆစ် မျက်နှာ နိမ့်ကျ ကပ်တွဲမှုမထိရောက်ခြင်း ဘက်ထရီကိုသာ လဲလိုက်ပါ
ဗို့အားကျ
ငုတ်ခေါင်း ငုတ်ခေါင်းပါးခြင်း စားသွားခြင်း သန့်ရှင်းရေးမလုံလောက်သေး သန့်ရှင်း၊ အမဲဆီသုတ်
လျှပ်ကူးမှုမရှိ ကျိုးပဲ့ (လျှပ်စီးကြောင်း
အမြင့်ဖြင့်အားထုတ်ခြင်း)
စွမ်းအားထုတ်စီးကြောင်း လွန်ကဲ ဘက်ထရီကိုလဲ
ချောင်နေ၍မီးပွင့်ခြင်း ငုတ်ခေါင်းနှင့်ကေဘယ်ကြိုး ကြားအဆက်မမြဲခြင်း အဆက်ကို တင်းကြပ်ပေးပါ
ငုတ်နှင့်ငုတ်အထိုင်ကြား ဂဟေမမြဲခြင်း ဘက်ထရီကိုလဲပစ်ပါ
အခြား ပလိတ်ပြားများဖြူ နေခြင်း ပလိတ်ပြားများဖြူနေခြင်း လျှပ်စစ်ဆွဲထုတ်မှုလွန်ခြင်း အချိန်ကြာကြာယူကာ
နှုန်းနိမ့်ဖြင့်အားသွင်း
သိပ်သည်းဆနိမ့် ဂရုတစိုက် သိုလှောင်မှုမရှိ (ထပ်မံအားသွင်းမှုမလုပ်)
အားဆွဲထုတ်နေစဉ် ဗို့အား နိမ့်နေ ဒိုင်နမိုဖြင့် အားဖြည့်ပေးမှု မလုံလောက်
အားပြန်သွင်းသော်လည်း ဘက်ထရီအား မဝင် လျှပ်လိုက်ရည်လိုအပ်နေ
ဗို့အား = 0 V

အမပြားများကြုံ့သွားခြင်း

 

မြင့်သောအပူချိန်၌ အက်ဆစ်သိပ်သည်းဆ
မြင့်အောက်အားထုတ်/သွင်းခြင်း

အားသွင်းလွန် ထပ်ပြီးအားသွင်းပါ
ဂရုမစိုက်ဘဲအချိန်ကြာသိမ်းထား
ဒိုင်နမိုဖြင့်အားသွင်းမှု မလုံလောက်
(မခံနိုင်အောင် ဆိုးသောအနံ) အားသွင်းမှုလွန်သွားခြင်း သိပ်သည်းဆလွန် အားသွင်းမှုနှင့် အားဆွဲထုတ်မှုကို အပူချိန် မြင့်တွင်အားဆွဲထုတ်ခြင်း ဘက်ထရီကိုသာ လဲလိုက်ပါ
အဖိုပြား၏ဇကာများ စားသွားခြင်း မဆိုင်သောအရောအနှောများ ပါဝင်ခြင်း (ဟိုက်ဒရိုကလောရစ် အက်ဆစ်၊ နိုက်ထရစ်အက်ဆစ်၊ ဆားငံ ရေဩဂဲနစ်အက်ဆစ်…
ပစ္စည်း ပြဿနာ အမျိုးအစား ပြဿနာ၏ အကြောင်းရင်း ပြဿနာ၏ လက္ခဏာ
အိုးအခွံ အခွံပျက်စီး ပေါ့ပေါ့ဆဆကိုင်တွယ်ခြင်း၊ စီးကြောင်း အလွန်အကျွံဖြင့် အားသွင်းခြင်း ပစ္စလက်ခတ် ကိုင်တွယ်ခြင်း
ပုံပျက်နေသောအိုးခွံ ပတ်ဝန်းကျင်အပူချိန်မြင့်လွန်းခြင်း
အဖုံး ပျက်စီးနေသော အဖုံးနှင့်အဆို့ ပစ္စလက်ခတ် ကိုင်တွယ်ခြင်း
ငုတ်ခေါင်း စားနေသည် သန့်ရှင်းရေးပေါ့ဆမှု(စီးကြောင်းယို) ငုတ်ခေါင်းသိမ်သွား
ကျိုးပဲ့ လွန်ကဲစီးကြောင်း မြင့်အားဆွဲထုတ်ခြင်း
အိုးအဖုံးကြားဆက် ကြားဆက်မှလျှပ်လိုက်ရေယို ကပ်တွဲမှုညံ့ဖျင်းခြင်း
အမျိုးအစား ပြဿနာ၏အရင်းအမြစ် လက္ခဏာ
ရှော့ခ်ဖြစ်ခြင်း အဖိုနှင့်အမပြားများပူးထိ သွားခြင်း – အပြစ်ရှိဓာတ်အိုး၏သိပ်သည်းဆသည်ပုံမှန်(အခြား)အိုးအောက် 0.03 လျော့
– ဗို့အားနိမ့် (0~1V/အိုး)
– ဝန်ဆွဲစမ်းသပ်မှုတွင် ဗို့အားနှင့်အမ်ပီယာ ဖြည်းဖြည်း လျော့ကျပြီးနောက် ဗို့အားနှင့်အမ်ပီယာ အနိမ့်ပြနေတော့သည်။
– ဝန်တင်စမ်းသပ်မှုတွင် ဓာတ်အိုးပျက်မှ လေပူဖောင်းလေးများ ဖြစ်ပေါ်လာကာ ရေနွေးအိုးပွက်သံမျိုး ထွက်လာသည်။
ဂဟေဆော်မှုညံ့ဖျင်း (အခန်းဆက်တွဲမှု ညံ့ဖျင်း) အခန်းဆက်တွဲမှုပြုတ်ထွက် ဓာတ်အိုးအားလုံး၏ သိပ်သည်းဆ တန်ဖိုးများ ပုံမှန်တန်ဖိုးပြ
– ဝန်ဆွဲစမ်းလျှင် ဗို့အားချက်ခြင်းကျပြီး၊ အမ်ပီယာ ကိန်းသေထိန်းထား
– ဝန်ဆွဲစမ်းလျှင် ဗို့အားဗြုန်းကနဲကျပြီး
အမ်ပီယာ ဖြတ်ကနဲ တက်ခါ နောက်ပိုင်းက
မကောင်းသော ဓာတ်အိုးမှ မီးခိုး (သို့မဟုတ်-အသံ)ထွက် လျှပ်လိုက်ရည် အတွင်း လှိုင်းကြက်ခွပ်ကလေးများထ(သို့မဟုတ်-တုန်ခါ)
ဓာတ်အားဆွဲထုတ်ပြီး ထုတ်လုပ်မှုနှင့် ပို့ဆောင်မှုများကြောင့် ဖြစ်နိုင်သော ချွတ်ယွင်းမှု မရှိ၊ အားဆွဲထုတ်ခံထားရပြီးသော အခြေအနေကို ဘက်ထရီက ပြနေ လုံးဝအားဆွဲထုတ်ခြင်းခံထားရသောကိစ္စတွင်ဘက်ထရီဗို့အား 12 V အောက်
– တပိုင်းတစအား ဆွဲထုတ်ခံရသောအခါ ဘက်ထရီဗို့အား 12 V ထက်မြင့်
– လုံးဝအားထုတ်ခြင်းခံထားရသော အခါသိပ်သည်းဆ 1.120 အောက
– တဝက်တပျက် ဆွဲထုတ်ခံထားရလျှင် အက်ဆစ်သိပ်သည်းဆ 1.230
– ဝန်ဆွဲစစ်ဆေးစမ်းသပ်မှုလုပ်နေချိန်တွင် အမ်ပီယာရုတ်ချည်းကျ
– (အမ်ပီယာဂိတ်က အနည်းငယ်သာ လှုပ်ခြင်းသော် လည်းကောင်း၊ လုံးဝ မလှုပ်ခြင်းသော် လည်းကောင်းတွေ့ရမည်)
အက်ဆစ်၏ သိပ်သည်းဆ အလွန်နိမ့်

၆-၁။ လျှပ်လိုက်ရည်
တာဝန်ရှိသူ တစ်ဦးဦး၏ ညွှန်ကြားသည့် အတိုင်း ထိန်းသိမ်းကိုင်တွယ်ပါ။
လျှပ်လိုက်ရည်များကို ကိုင်တွယ်ရာတွင် အန္တရာယ် အကာအကွယ်များဖြစ်သော ရော်ဘာခါးစည်း၊ လက်အိတ်၊ ဘွတ်ဘိနပ်၊ မျက်နှာဖုံးတို့ကိုသုံးပါ။
သွန်ပစ်မည်ဆိုလျှင် ဆိုဒီယမ်ဘိုင်ကာဘွန်နိတ်နှင့် သတ်ပြီးမှစွန့်ပစ်ပါ။
ပေါက်ကွဲတက်သော ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို လုပ်ငန်းခွင်အတွင်း ရှိမနေအောင် လေဝင်/လေထွက်ကောင်းအောင် လုပ်ထားပါ။
ကားနှင့်ဘက်ထရီစသည်တို့ကို စစ်ဆေးသော ပစ္စည်းကိရိယာများကို ကိုင်တွယ်အသုံးပြုရာတွင် မီးပွင့်ခြင်း၊ မီးခတ်ခြင်းမဖြစ်စေရန် ဂရုပြုပါ။
ဘက်ထရီခေါင်းများနှင့် ပတ်သတ်လာရလျှင် ဖြုတ်သောအခါတွင် မြေစိုက်ကြိုးကို ဦးစွာဖြုတ်ရမည်ဖြစ်ပြီး တပ်ရာတွင် နောက်ဆုံးမှတပ်ရမည်။

ထိုနည်းအတူ အားသွင်းခလုတ်ကိုဖြုတ်သည့် “Off” အနေအထား ရောက်/မရောက် စစ်ဆေးပြီးမှ ဘက်ထရီခေါင်းမှ ကလစ်ခေါင်း များကိုဖြုတ်ပါ။
ခန္ဓာကိုယ်/အဝတ်အစားပေါ်လျှပ်လိုက်ရည် ဖိတ်စင်ပါက ချက်ချင်းဓာတ်ပြယ်အောင် လုပ်ပြီးနောက် ရေသန့်နှင့် ဆေးကြောပါ။
လျှပ်လိုက်ရည် မျက်စိအတွင်းစင်ပြီးဝင်လျင် (ဤအခြေအနေသည် အလွန့်အလွန် အန္တရာယ်ရှိသော ကိစ္စဖြစ်ပါသည်။) မျက်စိကိုအတင်း ဖွင့်ထားပေး၍ သန့်ရှင်းအေးမြသောရေဖြင့် ၁၅မိနစ်ခန့်ကြာအောင် ဆေးပေးပါ။ ထို့အပြင် ဆရာဝန် ခေါ်ပြီးပြပါ။
ကားမျက်နှာပြင်၏ မည်သည့်နေရာတွင် ကျသည်မဆို ကျခဲ့ပါက ရေသန့်သန့်ဖြင့် ဆေးကြောခြေဖျက်ပစ်ပါ။

အားထပ်သွင်းမှုမပြုဘဲ ဘက်ထရီကို ကာလရှည်ကြာစွာ လှောင်ထားခြင်းဖြင့် ဇကာကို တမြည့်မြည့် ပျက်စီးစေကာ ဇကာကွက် အချောင်း ကလေးများနှင့် ကပ်လျက် နေရာများတွင် လျှပ်စစ်မကူးနိုင်သော ကြားခံအလွှာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ဤကိစ္စကြောင့် ဘက်ထရီ ၏ စက်အေးနှိုးစွမ်းရည်နှင့် ဆောင်ထားစွမ်းရည် တို့ညံ့ဖျင်းသွားခြင်း ကိုကြုံရပါလိမ့်မည်။ ထိုအခါမျိုးတွင် ထပ်မြှင့်လျှပ်စစ် အားသွင်းခြင်း နည်းနှစ်မျိုးကိုသုံးသင့်ပါသည်။

၅.၁။ အစဉ်အလာအတိုင်းအားသွင်းခြင်း
ထုတ်သုံးခဲ့သောလျှပ်စစ်ပမာဏ၏ 120% မှ 150% အတွင်းပြန်လည်ရရှိစေရန် ဘက်ထရီကို လျှပ်စီးနိမ့် (စွမ်းရည်၏ 1/10 မှ 1/20 ခန့်ရှိသော) စီးကြောင်းဖြင့် အချိန်ကြာကြာ အားသွင်းရပါသည်။ အားသွင်းချိန်အတွင်း အပူချိန်မှာ 45 ံC အောက် ဖြစ်သင့်ပါသည်။ အားသွင်းနေစဉ်အတွင်း ဗို့အားကို အစောပိုင်းတွင် မြန်မြန်တက်စေပြီး နောက်ပိုင်းတွင် မှန်မှန်သာ တက်စေကာ 2.35 V မှ 2.40 V ရောက်လာချိန်တွင် ဗို့အားကို 2.5~2.8 သို့လျှင်မြန်စွာ တက်စေပြီး တည်ငြိမ်စွာ အားသွင်းသွားမည်။

ဤအတောအတွင်း အစပိုင်းတွင် သိပ်သည်းဆသည် နည်းနည်းစီသာ တိုးနေပြီး နောက်ပိုင်းဓာတ်ငွေ့ ထွက်လာသော အခါတွင် မြြန်မန်တိုးပါမည်။ ဓာတ်ငွေ့ထွက်ရခြင်းမှာ ဓာတုတုန့်ပြန်မှုများသောကြောင့်ဖြစ်ပါသည်။ သိပ်သည်းဆ သည်လည်း အတူ တက်လာမည် ဖြစ်ခါ အားသွင်းမှုအဆုံးတွင် အထွဋ်အထိပ်ရောက်ပါမည်။ ထို့နောက် တဖြည်းဖြည်း မှန်သွားပါမည်။ အားသွင်းခြင်း ကိစ္စပြီးပြီဟုဆိုနိုင်ပါပြီ။ ယေဘူယျအားဖြင့်ဆိုရလျင် ဘက်ထရီကို ကောင်းကောင်း အားသွင်းပေးလိုလျှင် အပူချိန် 55 ံC အောက်ဖြစ်ရမည်။

၅.၂။ နှုန်းမြှင့်အမြန်အားသွင်းခြင်း
အမြန်အားသွင်းနည်းဆိုသည်မှာ ဘက်ထရီကို အမြင့်စားအားသွင်းနှုန်း (ဘက်ထရီစွမ်းရည်၏ 1/2 မှ အပြည့် တန်ဘိုးအထိ) ဖြင့် အချိန်တို အတွင်း သွင်းရန် ဖြစ်သည်။ (ဥပမာ-50 Ah အိုးကို 25Amp/50Amp ဖြင့်သွင်းခြင်း)
ဤနည်းသည် အရေးပေါ် အားသွင်းနည်း ဖြစ်ပါသည်။ ဘက်ထရီအားကုန်သွားမှုကြောင့် စက်နှိုး၍ မရသောအခါမျိုးတွင် သုံးရန် ဖြစ်ပါသည်။ ဘက်ထရီ မပျက်စီးစေရန်အတွက် ဘက်ထရီကို ကိုင်ကြည့်လျှင် နွေးလာပြီး အငွေ့များများ ပလုံစီ တက်လာပြီဆိုလျင် နှုန်းမြင့် အမြန် အားသွင်းနေသည့် အချိန်မည်မျှပင် ရှိနေစေကာမူ အားသွင်းမှုကို ရပ်လိုက်ပါ။ ယေဘူယျ အားဖြင့်ပြောရလျင် အပူချိန် 55 ံC အောက်၌သာ အားသွင်းမှုပြုသင့်ပါသည်။

၅.၃။ အားသွင်းမှုအဆုံးသတ်ခြင်း
အောက်ပါအချက်များကို စစ်ဆေးတွေ့ရှိလျင်
က။ လျှပ်လိုက်ရည်၏သိပ်သည်းဆသည် 20 ံC ၌ 1.260 ကို နှစ်ကြိမ်ထက်မနည်းတွေ့ရလျင်
ခ။ အားသွင်းဗို့အား နှစ်ကြိမ်ထက်မနည်း 15 V အထက်ရောက်နေပြီဆိုလျင်
ဂ။ ဘက်ထရီ၏ဓာတ်အိုးအခန်းတိုင်းမှအငွေ့များပွက်ပွက်နေပြီဆိုလျင်
ဃ။ မျှော်မှန်းထားသောအားဖြည့်ချိန်ပြည့်ပြီဆိုလျင်

၅.၄။ အားသွင်းစဉ်သတိပြုရမည့်အချက်များ
အားသွင်းစက်၏ လက်စွဲစာအုပ်တွင် ပါရှိသည့်အတိုင်း အားသွင်းစက်ကို မှန်ကန်စွာအသုံးပြုပါ။ အားသွင်းစက်ကို လွဲမှားစွာ အသုံးပြုမိပါကဘက်ထရီနှင့် အားသွင်းစက်နှစ်ခုစလုံး ပျက်သွားပါမည်။ အားသွင်းစက်၏ အဖိုငုတ်ကို ဘက်ထရီ၏ အဖိုခေါင်းနှင့် ဆက်ရမည်ဖြစ်ကာ အမငုတ်-အမခေါင်း ဖြစ်ရမည်။

က။ တန်းဆက်အားသွင်းခြင်း
ရှိနေသော ဘက်ထရီ အားလုံးကို တပြိုင်တည်း အားသွင်းလိုပါလျင် စွမ်းရည်တူသော ဘက်ထရီများကိုသာ တစ်တွဲတည်း အားသွင်းသင့်ပါသည်။ ဘက်ထရီတလုံးနှင့်တလုံး စွမ်းရည်မတူပါလျင် ယင်းတို့အထဲမှ အနည်းဆုံး စွမ်းရည်ရှိသော ဘက်ထရီကို အခြေခံ၍ အားသွင်းပါ။
ခ။ ပြိုင်ဆက်အားသွင်းခြင်း
ဘက်ထရီတလုံးနှင့်တလုံးအားကျန်ရှိမှုမတူညီ၍ ဤနည်းဖြင့် အားသွင်းကညီမျှစွာ လျှပ်စီးကြောင်း မရရှိနိုင်ပါ။ ၎င်းတို့ကို ညီမျှစွာ လျှပ်စစ်စီးကြောင်းရရန် ညှိပေးရန်လိုမည်။
ဂ။ အားသွင်းအပူချိန်
ပုံမှန်အားသွင်းခြင်း း 45 ံC အောက်
အမြန်အားသွင်းခြင်း 55 ံC အောက်
အားသွင်းနေစဉ် အတွင်းအပူချိန်သည် အထက်ဖော်ပြပါ အပူချိန် ထက်မြင့်တက်ခဲ့ပါက အားသွင်းစီးကြောင်းကို လျော့ချခြင်းသော် လည်းကောင်း၊ အားသွင်းမှုကို ခေတ္တရပ်နည်းခြင်း သော်လည်းကောင်း ပြုလုပ်ပေးပါ။ အပူချိန် ကျသွားပြီး နောက်မှ ဘက်ထရီကို အားပြန်သွင်းပါ။
ဃ။ ကားပေါ်တွင်အားသွင်းခြင်း
မြေစိုက်ကြိုးကို ဖြုတ်ပြီးမှ ဘက်ထရီကိုအားသွင်းပါ။ ယင်းသို့မပြုလုပ်ထားပါက အားသွင်းနေစဉ်အတွင်း ကြိုးတစ်ချောင်း ချောင်းက ကားကိုယ်ထည်နှင့် ထိခတ်မိသောအခါ ဖြစ်ပေါ်လာသော အမြင့်စားဗို့အားကြောင့် ပတ်လမ်းတွင်းရှိ ဒိုင်အုတ် တစ်မျိုးကို ပျက်စီးသွား စေနိုင်သောကြောင့်ဖြစ်ပါသည်။ အားသွင်းစဉ် လျှပ်လိုက်ရည်၏ မျက်နှာပြင်မြင့်တက်လာမည်ဖြစ်ရာ အရည်လျှံမကျစေရန် လိုအပ်ပါက အချို့ကိုစုပ်ထုတ်ထားပါ။

၄.၁ ဘက်ထရီစစ်ဆေးခြင်း
ဘက်ထရီစမ်းစက်ဖြင့်စစ်ပါ။ ဘက်ထရီစမ်းစက်မရှိလျှင်သိပ်သည်းဆကိုစစ်ပါ။
(က) ဘက်ထရီစမ်းစစ်စက်ဖြင့်စစ်ဆေးခြင်း စမ်းစစ်စက်၏အဖိုကြိုးကို ဘက်ထရီ၏အဖိုငုတ်တွင် ဆက်ခါစက်၏ အမကြိုးကို အမငုတ်တွင်ဆက်ပြီး စမ်းစက်ပါ ဝန်တွဲသည့် ခလုတ်ကို (၅) စက္ကန့်ထားပါ။ လျှပ်စစ်ဆွဲမှုမြှားတံသည်အောက်ပါအတိုင်းတွေ့ရမည်။ အစိမ်း – ပုံမှန် အဖြူ – အနည်းငယ်အားလျော့ အနီ – ပုံမှန်မဟုတ်
(ခ) သိပ်သည်းဆဖြင့်စစ်ဆေးခြင်း လျှပ်လိုက်ရည်၏သိပ်သည်းဆသည် ဘက်ထရီ၏စွမ်းရည်ကျသွားသည့်အလိုက်လျော့ကျသွားပါမည်။ ထို့ကြောင့်ဘက်ထရီ ၏ လက်ကျန်စွမ်းရည်(လျှပ်စစ်ပမာဏ) ကို ဟိုက်ဒရိုမီတာသုံးကာ သိပ်သည်းဆမှ စစ်ဆေးတွက်ယူ နိုင်ပါသည်။ ဤသို့တိုင်းရသောသိပ်သည်းဆများကို အပူချိန် 20 ံC အတွက် သိပ်သည်းဆများအဖြစ်ပြောင်းပေးရပါမည်။ အောက်တွင် ဖော်ပြထားသော အကွက်ထဲတွင် သိပ်သည်းဆအလိုက်ဆွဲထုတ်စွမ်းရည်ပမာဏနှင့်လက်ကျန်စွမ်းရည်ပမာဏတို့ကို သိပ် သည်းဆ အလိုက်ပြထားပါသည်။

သိပ်သည်းဆ(20 HC) ဆွဲထုတ်ပမာဏ (%) လက်ကျန်ပမာဏ(%)
1.260 0 100
1.220 25 75
1.170 50 50
1.120 75 25
1.080 100 0

 

၄.၂။ လျှပ်လိုက်ရည်မျက်နှာပြင်အတက်အကျစစ်ဆေးခြင်း
ဘက်ထရီကိုအသုံးပြုနေစဉ် အားသွင်း၊ အားထုတ်သုံးမှုများက ရေကိုအငွေ့ပြန်စေသောကြောင့် လျှပ်လိုက်ရည်၏ မျက်နှာပြင် နိမ့်ကျသွားပါမည်။ ထို့ကြောင့် အက်ဆစ်မျက်နှာပြင်အနိမ့်အမြင့်ကို မကြာခဏစစ်ဆေးပေးပြီး သတ်မှတ် အောက်ဆင့်၏ အောက်သို့ ကျသွားပါက အထက်အဆင့်သို့ပြန်ရောက်စေရန်ပေါင်းခံရည်ဖြင့်ဖြည့်ပေးရပါမည်။ ဤသို့ထပ်ဖြည့်ပေးရာတွင် (ဆာလဖြူရစ် အက်ဆစ်ကို ပေါင်းခံရည်ဖြင့်ရောထားသော) လျှပ်လိုက်ရည်ကို လုံးဝမသုံးပါနှင့်။

၄.၃။ငုတ်စွန်းများကို စစ်ဆေးခြင်း
ဘက်ထရီ၏ငုတ်စွန်းများသည်လျှပ်လိုက်ရည်နှင့်ထွက်ရှိလာသော ဓာတ်ငွေ့တို့ကြောင့် အရောင်အဆင်းပျက်ကာ စားသွား နိုင်ပါသည်။ တွေ့ခဲ့ပါလျင် သဲကော်ပတ်(သို့မဟုတ်) ဝါယာဘရပ်ဖြင့် ပြောင်အောင်ပွန်တိုက် သန့်ရှင်းပေးပါ။ စားနေသော ငုတ်စွန်းများကြောင့် လျှပ်စစ် စီးဆင်းမှု မချောမောတော့သည့်အပြင် အဆက်များကို တင်းကျပ်စွာ ဆက်ထား စေကာမူ မီးပွင့်ကာပေါက်ကွဲမှု ဖြစ်စေနိုင်ပါသည်။ ၎င်းအပြင်စားနေသော ကေဘယ်ကြိုးများကိုလည်း သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပေးပါ။ ရေနွေးဖြင့် လောင်းပေးခြင်းဖြင့် သန့်ရှင်းစေပါသည်။

၄.၄။ ဘက်ထရီတပ်ဆင်တည်ထားမှုကိုစစ်ဆေးခြင်း။
ဘက်ထရီကိုယင်း၏ခံခွက်ထဲတွင် တိကျမှန်ကန်စွာထည့်ထားသည်/မထားသည်နှင့်ညှပ်များကလည်း အစိတ်အပိုင်းအား လုံးကို တူညီသောအားဖြင့် ခိုင်ခိုင်မာမာဖိစွဲထားသည်/မထားသည်ကို ဂရုတစိုက်စစ်ဆေးပါ။ တနေနေရာတွင် ချောင်နေ လျင် ဘက်ထရီပျက်နိုင်ပါသည်။ ငြိမ်နေအောင်ထားပါ။

၃.၁။ ဘက်ထရီကိုရွေးချယ်ခြင်း
(က) ဘက်ထရီအထိုင်၌ သေချာစွာတပ်ဆင်ပါ။ အချို့ကားများတွင် heater, air conditioner နှင့်အခြား လျှပ်စစ်သုံးပစ္စည်းများ တပ်ဆင်ထားလျှင် စွမ်းရည်ပိုလို၍ ဘက်ထရီ အနည်းငယ်ကြီးတာ ထည့်သင့်သည်။
(ခ) ဤအခြေအနေမျိုး၌ကားတွင်ပါသည့်ဒိုင်နမိုနှင့်ဆက်စပ်ပစ္စည်းများကို သီးသန့်စစ်ဆေးရန်လိုသည်။

၃.၂။ ဘက်ထရီအဟောင်းဖြုတ်ထုတ်ခြင်း
(က) ဘက်ထရီကျိုးများဖြုတ်သောအခါတွင် အမကြိုးကိုစဖြုတ်ပါ။
(ခ) ဤသို့ပြုလုပ်ခြင်းမှာ အဖိုကြိုးဖြုတ်စဉ် ဂွ ကိရိယာများ ကားဘော်ဒီနှင့်ထိလျှင် အန္တရာယ်ဖြစ်နိုင်၍ဖြစ်သည်။
(ဂ) ဘက်ထရီဟောင်းမှထွက်သောအက်ဆစ်များကြောင့် ဘက်ထရီအထိုင် ပျက်စီးမှုရှိ/မရှိ စစ်ဆေးပါ။
(ဃ) အထိုင်နှင့်ယင်း၏အထိန်းများသည် တောင့်တင်းခိုင်ခံ့ရန်လိုပြီး ဆွေးမြေ့နေသောအပိုင်းမရှိစေရပါ။
(င) ဆွေးနေသောအပိုင်းများနှင့်ငုတ်တိုင်များကို (ဆားဆော်ဒါ အနည်းငယ်ထည့်ထားသော) ရေဖြင့် စင်ကြယ်အောင် ဝါယာ ဘရပ်သုံး၍ ပွတ်တိုက်ဆေးကြောပေးပြီး အခြောက်ခံထားလိုက်ပါ။ (ရေနွေးဖြင့်လည်းဆေးပေးလျှင်ရသည်)

၃.၃။ ဘက်ထရီအသစ်ကိုတပ်ဆင်ခြင်း
(က) ကားနှင့်ဆက်ရမည့်ကယ်ရီယာ၏ အစိတ်အပိုင်းများကိုစစ်ဆေးပြီး ဘက်ထရီ၏လျှပ်စစ်ခေါင်းများ၏ တည်နေရာတို့ နှင့်အဆင်ပြေအောင် အထိုင်ကိုထားပါ။
(ခ) ဘက်ထရီကိုခံခွက်ထဲတွင်ရေချိန်ညီအောင်ထားရပါမည်။ ခံခွက်၏အောက်ထဲတွင် ကျောက်ခဲ၊ နပ်ခေါင်းအလွတ်များ ရှိမနေစေရန်ဂရုပြုပါ။
(ဂ) (-) ကြိုးကို နောက်ဆုံးမှတပ်ဆင်ပါ။ ယာဉ်၏သတ်မှတ်ချက်များအတိုင်းဘက်ထရီ၏အဖိုအမ မလွဲအောင်သေချာစွာ စစ်ဆေးပါ။ “ မြေစိုက်” ခေါင်းကို တနည်းနည်းဖြင့်ဖော်ပြထားတတ်ပါသည်။
(ဃ) အဖို-အမ “ပြောင်းပြန်” လွဲခြင်းသည် လျှပ်စစ်ပစ္စည်းကို ဒုက္ခများစွာပေးနိုင်ပါသည်။ “ အဖိုခေါင်း” သည် အမ ခေါင်းထက်ကြီးပါသည်။
(င) ခေါင်းများကိုလည်းစင်ကြယ်အောင် သန့်ရှင်းပြီးမှ ဘက်ထရီတွင်တပ်ဆင်ပါ။ ဤသို့ဆက်စရာရှိသည်တို့ကို ဆက်ပြီး သောအခါကြိုးခေါင်းများနှင့် ဘက်ထရီငုတ်များပေါ်တွင် အပူချိန်မြင့်ခံနိုင်သော အမဲဆီကို ပါးပါးသုတ်လိမ်းထားပေးပါ။ အက်ဆစ်ငွေ့အစား သက်သာစေရန်ဖြစ်ပါသည်။
(စ) ကေဘယ်ကြိုးခေါင်းများကို ဘက်ထရီငုတ်များနှင့် တပ်ဆင်သည့်အခါ ဘယ်သောအခါမျှ တူဖြင့်မရိုက်ရပါ။
(ဆ) ဘက်ထရီကလစ်ကို ဘက်ထရီခေါင်းပေါ်တွင်အပြည့်မိရန်တပ်ပါ။
(ဇ) ဘက်ထရီအသစ်လဲသည့်အခါတိုင်းတွင် ကားလျှပ်စစ်ကိရိယာအပိုင်းများကို စစ်ဆေးရန်အကြံပြုပါသည်။
(ဈ) မော်တာ၊အော်လ်တာနေတာနှင့်ဗို့အားထိန်းအဖွဲ့အစည်းများအားလုံးသည် သတ်မှတ်ချက်များအတွင်း အလုပ်လုပ်နေ မနေကို စစ်ဆေးကြည့်ပါ။

၃.၄။ လျှပ်စစ်ပတ်လမ်းကိုစစ်ဆေးခြင်း
(က) ဘက်ထရီ၏ချိတ်ဆက်မှုကိုစစ်ဆေးခြင်း
၁။ ဘက်ထရီ၏အမခေါင်းငုတ်နှင့်ကားကိုယ်ထည်ကိုဆက်ထားပေးသောမြေစိုက်ကေဘယ်ကြိုးဆက်တွဲမှုကိုစစ်ဆေးပါ။
၂။ ဗို့မီတာ(သို့မဟုတ်)ဘက်ထရီစမ်းစစ်ကိရိယာ၏အမငုတ်ကို ကားကိုယ်ထည်(သို့မဟုတ်) ကားအင်ဂျင်နှင့်ဆက်ထားပြီး ယင်းတို့၏အဖိုငုတ်ကို ဘက်ထရီ၏အဖိုခေါင်းနှင့်ချိတ်ဆက်လိုက်သောအခါ 12 V အထက်ပြပါကဘက်ထရီ၏ခေါင်းနှင့် ကေဘယ်ကြိုးတို့သည် ပုံမှန်ဖြစ်နေပြီဟုဆိုနိုင်ပါပြီ။
(ခ) လျှပ်စစ်ပတ်လမ်းယိုစိမ့်မှုကိုစစ်ဆေးခြင်း
၁။ ကား၏အမကြိုးကိုဖြုတ်ပစ်ပြီးနောက်ဗို့မီတာ(သို့မဟုတ်)ဘက်ထရီစမ်းစစ်ကိရိယာ၏အမကြိုးကို ဘက်ထရီ၏အမငုတ်မှာ တပ်လိုက်ပြီးနောက်ကား၏ အမကေဘယ်ကြိုးကို ဗို့မီတာ(သို့မဟုတ်) ဘက်ထရီစမ်းစစ်ကိရိယာ၏ အဖိုကြိုးနှင့်ဆက် လိုက်ပါ။
၂။ ဤအကြိမ်တွင်ဗို့အား သုညပြပါက ဘက်ထရီမှလျှပ်စစ်ယိုစိမ့်မှုမရှိဟုဆိုရမည်။
(ဂ) အားသွင်းပတ်လမ်းကိုစစ်ဆေးခြင်း ကားစက်နှိုးပြီးအင်ဂျင်ကိုအရှိန်တင်ပေးပါ။ လျှပ်စစ်တိုင်းကိရိယာ Clamp Meter ဖြင့်တိုင်းပါ။ Amp သည်မြင့်ရာမှ တဖြေးဖြေး သုညနီးပါးသို့ ပြန်လျော့ကျပါက ဒိုင်နမိုကောင်းစွာအလုပ်လုပ်နေပါ၍ အားသွင်းပတ်လမ်းမှာ ကောင်းမွန်ကြောင်း သိရသည်။

၂.၁။ ဘက်ထရီ
က။ သတ္တုတိပ်ပြားကိုခွာလိုက်ပြီး ဘက်ထရီကို လျှပ်လိုက်ရည်ဖြင့် အထက်အဆင့် ရောက်အောင် ဖြည့်ပါ။
ခ။ ဖြည့်ပြီးနောက်စက်မနှိုးသေးဘဲ 20 min စောင့်ပါ။ သို့မှသာထည့်ပေးထားသောလျှပ်လိုက်ရည်က ပလိတ်ပြားများ အတွင်းပြည့်အောင် စိမ့်ဝင်သွားကာ ဘက်ထရီကို စွမ်းအားအပြည့်ဖြင့် ထုတ်ပေးနိုင်ပါမည်။
ဂ။ ဘက်ထရီ၏အပူချိန်နိမ့်ပါက လျှပ်လိုက်ရည်များသည် ပလိတ်ပြားများ အတွင်း အပြည့်စိမ့်ဝင်နိုင်မှု ခက်ခဲသောကြောင့် မြန်နှုန်းမြင့် အားသွင်းစက်ဖြင့် 20 ံC အထက်ရောက်အောင်အားသွင်းပေးရပါမည်။
ဃ။ လျှပ်လိုက်ရည်၏မျက်နှာပြင်အနိမ့်အမြင့်ကိုညှိပေးပါ။ နိမ့်နေလျှင်ထပ်ဖြည့်ထည့်ပါ။
င။ ဘက်ထရီ၏မျက်နှာပြင်ပေါ်တွင်လျှပ်လိုက်ရည်များရှိနေလျှင် မိုးရေဖြင့်စင်အောင်ဆေးကြောပေးပါ။

၂.၂။ လျှပ်လိုက်ရည်
အက်ဆစ်များကို သုံးနေစဉ်အတွင်းအောက်တွင်ဖော်ပြထားသောသတိပြုစရာများကိုလိုက်နာပါ။
က။ လျှပ်လိုက်ရည်သိုလှောင်သောအခန်း၏ကြမ်းပြင်ကို (အက်ဆစ်ခံနိုင်သော) အင်္ဂတေ(FRP) ဖြင့်ခင်းပေးထားပါ။
ခ။ အဝတ်အစားများနှင့်ကိုယ်ခန္ဓာပေါ်သို့ အက်ဆစ်များဖိတ်စင်ကျရောက်ပါလျင် ဆားဆော်ဒါအရည်ဖြင့်သော်လည်းကောင်း အိမ်သုံးအာမိုးနီးယားနှင့် ရေဖြင့်သော်လည်းကောင်း အက်ဆစ်ဓာတ်ကို ချေပေးပါ။
ဂ။ မျက်စိအတွင်းသို့ လျှပ်လိုက်ရည်များ စင်ကာဝင်ခဲ့လျင် အလွန်အန္တရာယ်ကြီးပါသည်။ ဖြစ်လာခဲ့ပါက မျက်လုံးကိုရေသန့် များများသုံး၍ ဆေးကြောပေးပါ။

က။ သိုလှောင်ရန်နေရာ။ 25 ံC ပတ်ဝန်းကျင်ရှိ စိုထိုင်းစနိမ့်ပြီး နေရောင်တိုက်ရိုက်မကျသော နေရာ၌ ထားပါ။
ခ။ အစီအစဉ်ရွေးချယ်မှု။ ထုတ်လုပ်မှုနေ့စွဲ ရှေးဦးကျသော ဘက်ထရီကို အလျင်ထုတ်သုံးနိုင်ရန် နေရာချထားရပါမည်။ (အစောဝင်-အစောထွက်)
ဂ။ သတိပြုဖွယ်ရာ။ ကာတွန်းပုံးများ နှင့် စုစည်းထားရာတွင် အတန်းတစ်တန်းလျှင် ငါးလုံးအောက်စီပါ။ လျှပ်လိုက်ရည် မဖြည့်မှီ သတ္တုတိပ်ပြား ကိုမခွာရ။